အဗ္ဗ အဘ
ဖခင်များနေ့ ပို့စကတ်လေးထဲမှ သရုပ်ဖော်ပုံလေးက ဟာသမြောက်လှသည်။ ဖခင် တစ်ဦးသည် လက်တစ်ဘက်တည်းနှင့် မြက်ရိတ်စက်ကို တွန်းကာ မြက်ရိတ်နေပြီး ကျန် တစ်ဘက်နှင့် ကလေးတွန်းလှည်းကို ကျွမ်းကျင်စွာ ဆွဲထားသည်။ တွန်းလှည်းပေါ်၌ သုံးနှစ် သမီးငယ်လေးထိုင်နေပြီး ဆူဆူညံညံလှည့်ပတ်နေရသည်ကို ပျော်မြူးနေသည်။ အန္တရာယ်ရှိပါသည်။ သို့သော် အမျိုးသားများသည် အလုပ် မျိုးစုံကို တစ်ပြိုင်တည်း မလုပ်နိုင်ဟု မည်သူ ပြောမည်နည်း။
သင်၌ ဖခင်ကောင်းတစ်ဦးရှိပါက ထိုမြင်ကွင်းလေး သည် ပျော်ရွှင်ဖွယ် အမှတ်တရများကို ပြန်သတိရစေမည်။ သို့သော် လူအများစုအတွက် `အဖေ´ဟူသည် မပြည့်ဝ မစုံလင်ခြင်းလက္ခဏာ တစ်ရပ်သာဖြစ်သည်။ ဖခင်ကွယ်လွန် သွားသောအခါ၊ ကျွန်ုပ်တို့လိုအပ်မှုများကို မဖြည့်ဆည်း ပေးနိုင် သောအခါ၊ ကျွန်ုပ်တို့ကို ထိခိုက် နာကျင်စေသောအခါ ကျွန်ုပ်တို့ မည်သူ့ထံချဉ်းကပ်ရမည်နည်း။
ဖခင်တစ်ဦးအနေနှင့် ဒါဝိဒ်မင်း၌ အားနည်းချက်များ ရှိသည်မှန်သော်လည်း ဘုရားသခင်သည် မိဘသဖွယ်ဖြစ်ကြောင်း ဘုရား၏သဘော…
ရိုးရှင်းသောဇာတ်လမ်းမဟုတ်
ဓမ္မဟောင်းခေတ် ပညတ်တော်များအရ ဘ၀ ရှင်သန်စရာက ရိုးရှင်းသည်။ ဘုရားစကား နားထောင်လျှင် ကောင်းချီးရမည်။ မနာခံပါက အခက်အခဲများကိုသာ မျှော်လင့်ထားပါ။ ၎င်းသည် ကျေနပ်စရာ အတွေးအခေါ်တစ်ခုဖြစ်သည်။ သို့သော် ဤမျှ ရိုးစင်းပါမည်လား။
အာသမင်းအကြောင်းသည်လည်း ထိုပုံစံနှင့် တူညီပုံရသည်။ မှားယွင်းသော ဘုရားကို သူ့လူမျိုးများ မကိုးကွယ်အောင် ဦးဆောင်လမ်းပြ ခဲ့စဉ်က နိုင်ငံတော် ချမ်းသာပြည့်စုံခဲ့သည် (၆ ရာ ၁၅း၁-၁၉)။ ထို့နောက် နန်းစံနှစ်နောက်ပိုင်းများတွင် ဘုရားသခင်ထက် မိမိကိုယ်ကို အားကိုးခဲ့သောကြောင့် ဘ၀တစ်လျှောက်လုံး စစ်ဘေးနှင့်အနာရောဂါများ ခံစားခဲ့ရသည် (း၁၂)။
၎င်းကို ကြည့်ပြီး နိဂုံးကောက်ချက်ချရန် လွယ်ပါသည်။ သို့သော် ပရောဖက်ဟာနန်က အာသမင်းအား ‘‘ထာဝရဘုရားသည် စုံလင်သော စေတနာစိတ်ရှိသောသူတို့ ဘက်၌ ခိုင်ခံစွာနေ’’ (း၉)မည်ဟု သတိပေးခဲ့သည်။ စိတ်နှလုံး ခိုင်ခံ့မှုရှိအောင် မစအားပေးရန် အဘယ်ကြောင့် လိုအပ်သနည်း။ အဘယ်ကြောင့်ဆိုသော်…
တစ်ခါထက်ပိုပြီး မသေနိုင်ပါ
မွေးကတည်းကပင် ကျွန်သဘောက်ဖြစ်ခဲ့ရပြီး ဆိုးဝါးစွာ နှိပ်စက်ခံရသည့် ဟယ်ရီယက်တာ့မင်း (၁၈၂၂-၁၉၁၃)သည် သူ့မိခင်ပြောပြသည့် သမ္မာကျမ်းပုံပြင်တစ်ခုမှ မျှော်လင့်ခြင်းရောင်ခြည် တွေ့ရှိခဲ့သည်။ ဖာရောမင်းလက်၌ ကျွန်ခံရသည့်ဘ၀မှ ဣသရေလလူတို့ လွတ်မြောက်ခဲ့ပုံအကြောင်း အားဖြင့် ဘုရားသခင်သည် သူ့လူများကို လွတ်မြောက်စေလိုသော ဘုရားဖြစ်ကြောင်း ပြနေသည်။
သို့နှင့် ဟယ်ရီယက်သည် မေရီလဲန်ပြည်နယ်သို့ ထွက်ပြေးလျက် ကျွန်ဘ၀မှ လွတ်မြောက်ခဲ့သည်။ ကျွန်ဘ၀၌
ရောက်ရှိနေသူများစွာ ရှိကြောင်းသူသိသဖြင့် သူ့ဘ၀မျှနှင့် သူ မကျေနပ်နိုင်။ အခြားသူများကို ကယ်တင်ရန် ကယ်ဆယ်ရေး အဖွဲ့များကို ဦးဆောင်လှုပ်ရှားလျက်၊ သူ့အတွက် အန္တရာယ် ရှိသည်ကို မမှုဘဲ `တစ်ခါထက် ပိုပြီးမသေနိုင်ပါဘူး´ ဟု ဆိုခဲ့သည်။
`ကိုယ်ခန္ဓာကိုသာသတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သောသူတို့ကို မကြောက် ကြနှင့်´(မ ၁၀း၂၈) ဟူသောကျမ်းချက်ကို ဟယ်ရီယက် ကောင်းကောင်း သဘောပေါက်သည်။ သခင်ယေရှုက တပည့်တော်များအား ပထမဆုံးအကြိမ် စေလွှတ် ရာ၌…
ငရုပ်ကောင်းပင်များ
“အမေက ကျွန်တော်တို့အိပ်ရာမ၀င်ခင် ငရုပ်ကောင်းစေ့တွေ ပေးလေ့ရှိတယ်” ဟု ဆင်မြူရယ် က ဆာဟာရတောင်ပိုင်း အာဖရိကတိုက်ရှိ ခက်ခဲသောကလေးဘ၀ကို ပြန်ပြောင်းပြောပြသည်။ “ဗိုက်ဆာရင် ရေသောက်ဗိုက်မှောက်၊ ဒါကလည်းအလုပ်တော့ မဖြစ်ဘူးပေါ့” ဟုသူက ထပ်ပြောခဲ့သည်။
အစိုးရအုပ်ချုပ်မှုပိုင်းဆိုင်ရာ အပြောင်းအလဲကြီး ကြောင့် သူ့ဖခင်က မိသားစုကိုချန်ရစ်ကာ ထွက်ပြေးခဲ့ရပြီး မိခင်တစ်ဦးတည်းက အိမ်ထောင်တာဝန်ကို ယူခဲ့ရသည်။ သူ့အစ်ကိုက ပြင်းထန်သော သွေးရောဂါ ခံစားရပြီး ဆေးမကု နိုင်ခဲ့ပါ။ မိခင်က သူတို့ကို ဘုရားကျောင်းသို့ ခေါ်သွားခဲ့ သော်လည်း ဆင်မြူရယ်အတွက် အဓိပ္ပာယ် မရှိလှပါ။ `ဘုရားက ကျွန်တော်တို့မိသားစုကို ဘာ့ကြောင့် ဒီလိုဒုက္ခ ဆင်းရဲခြင်း ကို ခံစားစေတာလဲ´ ဟု သူတွေးမိခဲ့သည်။
တစ်နေ့တွင် လူတစ်ဦးသည် သူတို့၏ဒုက္ခအခက်အခဲ များကို သိသွားခဲ့ပြီး လိုအပ်သောဆေးဝါးများကို ယူလာပေး သည်။ “တနင်္ဂနွေနေ့ကျရင် သူ့ရဲ့ဘုရားကျောင်းကို ငါတို့…
အပျက်အစီးများထဲမှ
ယေရုရှလင်မြို့ ဂျူးလူမျိုးနေထိုင်သည့်အပိုင်းတွင် Tiferet Yisrael တရားဇရပ်ကို တွေ့ရလိမ့်မည်။ ၁၉ရာစုနှစ်က တည်ဆောက်ခဲ့ပြီး ထိုတရားဇရပ်ကို ၁၉၄၈ခု အာရပ်- အစ္စရေးစစ်ပွဲတွင် ကိုမန်ဒိုအသေခံတပ်များက ဖေါက်ခွဲဖျက်ဆီးခဲ့သည်။
အပျက်အစီးများမှာ နှစ်ပေါင်းအတန်ကြာ ဤအတိုင်း ရှိနေခဲ့ပြီး ၂၀၁၄ ခုနှစ် တွင်မှ ပြန်လည်တည်ဆောက်ခဲ့သည်။ မြို့အာဏာပိုင် များက အုတ်ကျိုးအုတ်ပဲ့များဖြင့် အုတ်မြစ်ချစဉ် တာဝန်ရှိသူ တစ်ဦးက အုတ်မြစ်တစ်ခုပေါ်တွင် ယေရမိမြည်တမ်းစကား မှ "ရှေးကာလကဲ့သို့ အကျွန်ုပ်တို့ ပြန်၍လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုပ်တို့ကာလကို အသစ်ပြုပြင်တော် မူပါ" (၅း၂၁) ဟူသော ကျမ်းချက်ကို ထည့်သွင်းခဲ့သည်။
ဤမြည်တမ်းစကားသည် ယေရုရှလင်မြို့အတွက် ယေရမိသီဆိုသော ဈာပနတမ်းချင်းဖြစ်ပြီး သူ့မြို့တွင် ဖြစ်ပေါ်နေသော စစ်ပွဲ၏သက်ရောက်မှုကို ကွင်းကွင်း ကွက်ကွက် ဖော်ပြသည်။ အခန်းငယ် ၂၁ သည် ဘုရားသခင် ကြားဝင်လုပ်ဆောင်ပါရန် နှလုံးကြေကွဲစွာဖြင့် တောင်းလျှောက်သည့် ဆုတောင်းချက်ဖြစ်သည်။…
သမားရိုးကျအစဉ်အလာ မဟုတ်သော နည်းဗျူဟာ
၁၉၈၀ ခုနှစ် ဘော့စတွန် မာရသွန်ပြိုင်ပွဲကျင်းပနေစဉ် အမျိုးသမီးတစ်ဦးသည် ပြေးလမ်းပေါ်သို့ လမ်းခုလတ်မှ ၀င်ပြေးခဲ့သည်။ အကြောင်းပြချက် အထွေအထူးမရှိပါ။ မာရသွန်ပြေးပွဲ ၀င်ပြေးချင်သောကြောင့်ဖြစ်သည်။ မျက်မြင်သက်သေများ၏အဆိုအရ ထိုအမျိုးသမီးသည် ပန်းတိုင်မရောက်မီ တစ်မိုင်ခန့်အလိုတွင် ၀င်ပြေးခဲ့ခြင်းဖြစ်ပြီး အခြားပြိုင်ပွဲဝင် အမျိုးသမီးများ၏ ရှေ့ဆုံးမှ ပန်းဝင်ခဲ့သည်။ သူမအနေနှင့် ဘာမှမပင်ပန်း၊ ချွေးပင် မစို့ခဲ့ပါ။ တစ်ခဏတော့ သူမအား အနိုင်ရသူပမာ ထင်ရသည်။
ရှေးပဝေသဏီက တိုက်ပွဲတစ်ခု၌ ရှုံးနိမ့်နေသူ များသည် ဂုဏ်အသရေနှင့် အောင်ပွဲခံနိုင်မည့် နည်းလမ်းကို တွေ့ရှိခဲ့သည်။ “ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်း
စစ်ချီလာကြောင်း” ဆက်သားက သတင်းပို့လာသောအခါ
ယောရှဖတ်မင်း ကြောက်သွားသည် (၆ရာ ၂၀း၂-၃)။ သို့သော်
သူသည် စစ်ရေးစစ်ရာ နည်းဗျူဟာများကို ဦးစားမပေးဘဲ ဘုရားသခင်ထံတော်သို့ တိုးဝင်ခဲ့သည်။ ဘုရားသခင်၏ အစိုးပိုင်သောအာဏာတော်ကို ၀န်ခံသိမှတ်လျက် သူကြောက်ကြောင်း၊ စိတ်ရှုတ်ထွေးရကြောင်း ၀န်ခံခဲ့သည်။…
အရှုံးမပေးလိုက်ပါနှင့်
၁၉၈၆ ခုနှစ်တွင် ဆရာ John Piper သည် အသင်းတော်ကြီးတစ်ခု၏ သင်းအုပ်အဖြစ်မှ နှုတ်ထွက်ခါနီးအထိဖြစ်ခဲ့သည်။ ထိုအချိန်တွင် သူသည် မှတ်စုစာအုပ်ထဲတွင် ‘‘ငါအရမ်း စိတ်ဓာတ်ကျနေပြီ၊ ငါ့မှာ ကွက်လပ်တွေများနေပြီး အရာရာတိုင်းမှာ ပြိုင်ဘက်တွေ ရှိနေ သလို ခံစားနေတယ်’’ ဟူ၍ ရေးသားခဲ့သည်။ သို့သော် ဆရာ Piper အရှုံးမပေးခဲ့ပါ။ သို့နှင့် သီးပွင့်ဝေဆာသည့် အမှုတော်ကို ဦးဆောင်လျက် အသင်းတော်၌သာမက ပြင်ပသို့ သာသနာပြုနိုင်အောင် ဘုရားသခင်သူ့ကို အသုံးပြုခဲ့သည်။
အောင်မြင်မှုဆိုသော အရာကို နားလည်မှုလွဲရန် လွယ်ကူသည်။ ဆရာ John Piper ကို အောင်မြင်ခဲ့သည် ဟု ဆိုရမည်။ အကယ်၍ သူ့အမှုတော်လုပ်ငန်း၌ အသီးအပွင့်မရှိခဲ့လျှင် မည်သို့ ဆိုမည် နည်း။
ဘုရားသခင်သည် ပရောဖက် ယေရမိကို တိုက်ရိုက်စကားပြောခဲ့သည်။ ‘‘သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ…
သစ်လုံးအိမ်လေးမှ ဇာတ်လမ်းများ
လက်ထွင်းသစ်လုံးများဖြင့် ကျွမ်းကျင်စွာ တည်ဆောက်ထားသော ရှေးဟောင်း သစ်လုံးအိမ်လေးသည် မဂ္ဂဇင်းမျက်နှာဖုံးအတွက် တန်ဖိုးရှိလှသည်။ သို့သော် အိမ်လေးကိုက အဖိုးတန်ရတနာဖြစ်သည်။ အိမ်တွင်းနံရံပေါ်၌ ချိတ်ဆွဲထားသော မိသားစု
အမွေအနှစ်များက အမှတ်ရစရာများနှင့် လွှမ်းမိုးနေသည်။ စားပွဲပေါ်၌ လက်ရက် ကြက်ဥခြင်း၊ ဘီစကွက် တင်သည့် သစ်သားပြားဟောင်းနှင့် မီးအိမ်တို့ရှိသည်။ ခပ်နွမ်းနွမ်း Pork-Pie ဦးထုပ်လေးကို အိမ်ရှေ့တံခါးပေါ်တွင် ချိန်ဆွဲထားသည်။ ဂုဏ်ယူနေသော ပိုင်ရှင်က `ပစ္စည်းတစ်ခုချင်းစီရဲ့နောက်ကွယ်မှာ ဇာတ်လမ်း လေးတွေရှိတယ်´ ဟု ပြောကြားခဲ့သည်။
ဘုရားရှင်သည် မောရှေအား တဲတော်ဆောက်ရန် လမ်းညွှန်မှုများပေးရာ၌လည်း နောက်ကွယ်၌ ဇာတ်လမ်းများ ရှိခဲ့သည်(ထွက် ၂၅-၂၇)။ ဘုရားထံတိုးဝင်ရန် နည်းလမ်း တစ်ခုသာရှိသကဲ့သို့ တဲတော်တွင်လည်း ၀င်ပေါက် တစ်ပေါက် သာရှိသည် (တ ၄း၁၂ ကို ကြည့်ပါ)။ အတွင်းမှ ထူထဲသော
ကန့်လန့်ကာသည် ဘုရားသခင်ကျိန်းဝပ်တော်မူသော သန့်ရှင်းရာဌာနတော်နှင့် လူများကို …
ရေတို့ နီထွေးသွားသောအခါ
ဓာတ်ပုံနှင့် ရုပ်ရှင်ဗီဒီယိုများ မပေါ်သေးသည့်ခေတ်၌ သခင်ယေရှု အဘယ်ကြောင့် ဤ လောကသို့ ကြွဆင်းလာခဲ့သနည်း။ သူ့ကို လူတိုင်းတွေ့ရပါက လူအများအပြား သူ့အား လက်ခံယုံကြည်မည် မဟုတ်ပါလား။ ရုပ်ပုံတစ်ပုံက စကားလုံးတစ်ထောင်နှင့် တန်ဖိုး ညီပါသည်မဟုတ်လား။ `နှုတ်တစ်ရာ စာတစ်လုံး´ ဟူသည့် ဆိုရိုးလည်းရှိသည်။
သို့သော် Ravi Zacharias က "စကားတစ်လုံးက ရုပ်ပုံ တစ်ထောင်နှင့် ညီမျှသည်" ဟု အခိုင်အမာဆိုသည်။ သူက "သတိရှိသောရေကား ၎င်း၏အရှင်သခင်အား မြင်တွေ့သော် ရှက်သွေးနီနီဖြာခဲ့တာ" ဟူသည့် ကဗျာဆရာ Richard Crashaw ၏ ကဗျာစာသားများကို ကိုးကားညွှန်းခဲ့သည်။ ရေမှစပျစ်ရည်သို့ ပြောင်းစေသည့် သခင်ယေရှု၏ ပထမဆုံးသော အံ့ဖွယ်နိမိတ် လက္ခဏာ၏အနှစ်သာရကို Crashaw က အမိအရဖော်ပြသည် (ယော ၂း၁-၁၁)။ ဖန်ဆင်းခံအရာကို၌က ယေရှုရှင်အား ဖန်ဆင်းရှင်အဖြစ် သိမှတ်သည်။ မည်သည့်လက်သမားကမှ…
ပုန်းလျိုးနေသော ခြင်္သေ့များ
ကျွန်တော်ငယ်စဉ်က ကျွန်တော့်ဖခင်သည် ချုံပုတ်ထဲတွင် ပုန်းနေပြီး ခြင်္သေ့ကဲ့သို့ဟိန်းကာ
ကျွန်တော်တို့ကို `ခြောက်´ လေ့ရှိသည်။ ၁၉၆၀ ခုနှစ်ခန့်က ကျွန်တော်တို့သည် အာဖရိကတိုက်
ဂါနာနိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်ခဲ့ရာ ကျွန်ုပ်တို့အနီးအနားတွင် ခြင်္သေ့ပုန်းခို နေရန်မှာ
မဖြစ်နိုင်ပါ။ ကျွန်ုပ်တို့ညီအစ်ကိုသည် ရယ်မောလျက် အသံလာရာနေရာကို ရှာဖွေကာ
ဖခင်နှင့် ဆော့ကစားရသည်ကို ကြည်နူးပျော်ရွှင်ခဲ့ကြသည်။
တစ်နေ့တွင် ကျွန်တော့်သူငယ်ချင်းတစ်ဦးသည်
ကျွန်တော်တို့ထံ လာလည်ပြီး ဆော့ကစားနေကြစဉ် ခြင်္သေ့
ဟိန်းဟောက်သံကိုကြားလိုက်ရာ၊ ထိုသူငယ်ချင်းမှာ အော်၍
ထွက်ပြေးတော့သည်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ဦးမှာ ဖခင်၏
အသံကိုသိပြီး ထိုအန္တရာယ်မှာ ခြင်္သေ့အတုသာ ဖြစ်ကြောင်း
သိပါသော်လည်း၊ ရယ်စရာကောင်းသည်မှာ ကျွန်ုပ်တို့လည်း
သူနှင့်အတူ ထွက်ပြေးခဲ့သည်။ ကျွန်တော့်သူငယ်ချင်း အလွန်
ထိတ်လန့်သွားသည်ကို အဖေစိတ်မကောင်းဖြစ်ခဲ့ပြီး၊ အခြားသူများ၏ အထိတ်တလန့်
တုံ့ပြန်မှုကို ကူးစက်လွှမ်းမိုးခြင်းမခံရရန် ကျွန်တော်တို့ညီအစ်ကို သင်ခန်းစာရရှိခဲ့သည်။
ယောရှုနှင့် ကာလက်သည် …